ကိုကိုးကျွန်းမှာ တရုတ် စစ်အခြေစိုက်စခန်း ရှိနေပြီလား၊ တရုတ်စစ်သားတွေ ရောက်နေ (၂၀၂၃ခုနှစ် ဧပြီလ ၄ရက်)

Video By:  Khit Thit Media Posted On:  April 04, 2023

ကိုကိုးကျွန်းမှာ တရုတ် စစ်အခြေစိုက်စခန်း ရှိနေပြီလား၊ တရုတ်စစ်သားတွေ ရောက်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေ By ရန်ကုန်ခေတ်သစ် -ကိုကိုးကျွန်းမှာ တရုတ် စစ်အခြေစိုက်စခန်း ရှိနေပြီး တရုတ်စစ်သားတွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ - ဂြိုလ်တုဓာတ်ပုံတွေအရ မြန်မာနိုင်ငံကိုကိုးကျွန်းက ကျွန်းတွေအနီးတစ်ဝိုက်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် အသစ် တွေ တွေ့နေရပြီး အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာနေပါတယ်။ -မြန်မာ၏ ကိုကိုးကျွန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းရှိ ကျွန်းစုငယ်တစ်ခုဖြစ်ပြီး ဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုတွေရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ - စစ်ရေးခေတ်မီအောင် လုပ်ဆောင်ခြင်းမှာ တရုတ်နိုင်ငံဟာ နောက်ကွယ်က ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံး သပ်သူတွေနဲ့ကျွမ်းကျင်သူတွေက အခိုင်အမာဆိုကြပါတယ်။ -ဂြိုလ်တုဓာတ်ပုံတွေအရ အဆောင်အသစ်နှစ်ခု၊ လမ်းသစ်တစ်ခုနှင့် တည်းခိုနေထိုင်တဲ့ အစုအဖွဲ့ပုံတွေကို လည်းတွေ့ရပါတယ်။ -ဗြိတိန် မူဝါဒဆိုင်ရာ အင်စတီကျု Chatham House ရဲ့ အစီရင်ခံစာအရ အသစ်ဆောင်လုပ်တဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦတွေ အရှည် ၂၃၀၀ မီတာရှိတဲ့ ပြေးလမ်းနဲ့ ရေဒါစခန်းတွေကို တွေ့မြင်ရပါတယ်။ -မြန်မာနိုင်ငံဟာ မကြာမီမှာ ကိုကိုး ကျွန်းစုတွေကနေ ရေကြောင်းစောင့်ကြည့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ပုံတွေက ဖော်ပြနေပါတယ်။ -အရင်ကလည်း မြန်မာနိုင်ငံဟာ ကိုကိုးကျွန်းတွေမှာ တရုတ်စစ်တပ်ကို ထားရှိခွင့်ပြုထားတယ်လို့ အပြင်းအထန် စွပ်စွဲမှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ -ဒီလို စစ်ရေးတည်ဆောက်မှုဟာ အိန္ဒိယရေတပ်အတွက် သိသာထင်ရှားတဲ့ လုံခြုံရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ဒေသတွင်းရှိ အိန္ဒိယရဲ့ ဗျူဟာမြောက် အကျိုးစီးပွားကို ထိခိုက်စေမှာဖြစ်ပါတယ်။ ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်ရဲ့ အဆိုအရ ကိုကိုးကျွန်းမှာ တရုတ်စစ်သားတချို့ရောက်ရှိနေပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် ကျွမ်းကျင်အရာရှိတွေအဖြစ် ရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi 

ShweTube, Collection of Myanmar Youtube Videos